Header Ads

မိခင္တစ္ေယာက္ရဲ့ ေပးဆပ္မွုကို ေဖာ္ျပခဲ့မိလို႔ ေဝဖန္ခံေနရသူ


မေလးရွားႏိုင္ငံက အသက္ ၂၃ ႏွစ္အ႐ြယ္ ကေလး ၄ ေယာက္ရဲ႕ မိခင္ျဖစ္သူတစ္ဦးဟာ ကိုယ္ဝန္ေဆာင္စဥ္က ဝမ္းဗိုက္ျပင္တစ္ခုလုံးမွာ ရရွိခဲ့တဲ့ ဗိုက္ေၾကာျပတ္ခံထားရတဲ့ ပုံတစ္ပုံကို လူမႈကြန္ယက္ေပၚမွာ တင္ခဲ့ၿပီးေနာက္ မိခင္တစ္ေယာက္ရဲ႕ စိတ္ဓါတ္ကို ခ်ီးက်ဴးၾကသူေတြရွသလို ျပစ္တင္ေဝဖန္မႈေတြလည္း ခံခဲ့ရပါတယ္။

သူမေရးထားတဲ့အထဲမွာ ကိုယ္ဝန္ေဆာင္ျခင္းေၾကာင့္ ရလာတဲ့ သူမရဲ႕ခႏၶာကိုယ္ေပၚက အေရးအေၾကာင္းေတြကို လက္ခံႏိုင္ဖို႔ ႀကိဳးစားခဲ့ရပုံနဲ႔ ဒီအေရးအေၾကာင္းေတြဟာ ဘယ္ေတာ့မွ အေကာင္းအတိုင္း ျပန္ျဖစ္မလာေတာ့ဘူးလို႔ ဆိုပါတယ္။

“မိခင္အေတာ္မ်ားမ်ားက ကြၽန္မကိုေမးၾကတယ္၊ ဒီေလာက္ ေၾကာက္စရာေကာင္းတဲ့ အမာ႐ြတ္ႀကီးေတြ ရွိေနတာ စိတ္မပ်က္ဘူးလားလို႔ ဘယ္လိုမ်ား ႐ုန္းထြက္ခဲ့ရလဲလို႔ ေမးၾကပါတယ္။ ကြၽန္မက ျပန္ေျဖပါတယ္၊ ဒါဟာ ေပးဆပ္မႈတစ္ခုပါပဲလို႔၊ ပိုက္ဆံရွိရင္ေတာင္ အကာင္းတိုင္းျပန္ျဖစ္ဖို႔ မလြယ္ပါဘူး” လို႔ ေရးသားခဲ့ပါတယ္။

သူမဟာ ပထမဦးဆုံး ကေလးေမြးခ်ိန္မွာ အသက္ ၂၁ ႏွစ္ပဲရွိေသးၿပီး ကိုယ္ဝန္ေဆာင္ေနစဥ္ ဗိုက္ေၾကာျပတ္တာေတြရွိခဲ့ေပမယ့္ ေမြးၿပီးသြားရင္ေတာ့ အရင္အတိုင္း ျပန္ေကာင္းသြားလိမ့္မယ္လို႔ ထင္ခဲ့ပါတယ္။ ဒါေပမယ့္ ကေလးေမြးၿပီးသြားေသာ္လည္း သူမရဲ႕ ဝမ္းဗိုက္ျပင္တစ္ခုလုံး အ႐ုပ္ဆိုးက်န္ခဲ့တာကို ေတြ႕ရေတာ့ စိတ္ပ်က္ဝန္းနည္းၿပီး ငိုမိခဲ့တယ္လို႔ ေရးသားထားပါတယ္။

သူမရဲ႕ ပိုစ့္ဟာ ပ်ံ႕ႏွံ႔သြားၿပီး မိခင္အမ်ားစုက အားေပးႏွစ္သိမ့္ၾကသလို၊ ႐ုပ္ဆိုးလိုက္တာ၊ ႐ြံစရာႀကီး၊ ကေလးေတြအမ်ားႀကီး ေမြးခ်င္တာကိုး ခံေပါ့ စသည္ျဖင့္ ေဝဖန္ထိုးႏွက္မႈေတြလည္း ခံခဲ့ရပါတယ္။

ဒီလိုေဝဖန္သူေတြကို သူမ အမ်ိဳးသမီးေတြအေပၚ ေလးစားမႈရွိဖို႔၊ မိခင္၊ ညီမ၊ အစ္မ ခ်င္းစာနာဖို႔ ျပန္လည္ ေျပာဆိုခဲ့ပါတယ္။

သူမရဲ႕ မိခင္တစ္ေယာက္အျဖစ္ခံယူဖို႔ ခႏၶာကိုယ္ေပၚမွာ အ႐ုပ္ဆိုးအက်ည္းတန္ေနတဲ့ အရာေတြကို အရွိကိုအရွိအတိုင္း ေဖာ္ျပရဲခဲ့တဲ့ သတၱိကို ခ်ီးက်ဴးေနၾကပါတယ္။

တစ္ကယ္ေတာ့ မိခင္တစ္ေယာက္ျဖစ္လာဖို႔ ေပးဆပ္မႈေတြအမ်ားႀကီးထဲက အခ်ိဳ႕ေသာ မသိႏိုင္ေသးတဲ့ ေပးဆပ္မႈေတြရွိေနဦးမွာပါ။

မလေးရှားနိုင်ငံက အသက် ၂၃ နှစ်အရွယ် ကလေး ၄ ယောက်ရဲ့ မိခင်ဖြစ်သူတစ်ဦးဟာ ကိုယ်ဝန်ဆောင်စဉ်က ဝမ်းဗိုက်ပြင်တစ်ခုလုံးမှာ ရရှိခဲ့တဲ့ ဗိုက်ကြောပြတ်ခံထားရတဲ့ ပုံတစ်ပုံကို လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့ပြီးနောက် မိခင်တစ်ယောက်ရဲ့ စိတ်ဓါတ်ကို ချီးကျူးကြသူတွေရှသလို ပြစ်တင်ဝေဖန်မှုတွေလည်း ခံခဲ့ရပါတယ်။

သူမရေးထားတဲ့အထဲမှာ ကိုယ်ဝန်ဆောင်ခြင်းကြောင့် ရလာတဲ့ သူမရဲ့ခန္ဓာကိုယ်ပေါ်က အရေးအကြောင်းတွေကို လက်ခံနိုင်ဖို့ ကြိုးစားခဲ့ရပုံနဲ့ ဒီအရေးအကြောင်းတွေဟာ ဘယ်တော့မှ အကောင်းအတိုင်း ပြန်ဖြစ်မလာတော့ဘူးလို့ ဆိုပါတယ်။

“မိခင်အတော်များများက ကျွန်မကိုမေးကြတယ်၊ ဒီလောက် ကြောက်စရာကောင်းတဲ့ အမာရွတ်ကြီးတွေ ရှိနေတာ စိတ်မပျက်ဘူးလားလို့ ဘယ်လိုများ ရုန်းထွက်ခဲ့ရလဲလို့ မေးကြပါတယ်။ ကျွန်မက ပြန်ဖြေပါတယ်၊ ဒါဟာ ပေးဆပ်မှုတစ်ခုပါပဲလို့၊ ပိုက်ဆံရှိရင်တောင် အကာင်းတိုင်းပြန်ဖြစ်ဖို့ မလွယ်ပါဘူး” လို့ ရေးသားခဲ့ပါတယ်။

သူမဟာ ပထမဦးဆုံး ကလေးမွေးချိန်မှာ အသက် ၂၁ နှစ်ပဲရှိသေးပြီး ကိုယ်ဝန်ဆောင်နေစဉ် ဗိုက်ကြောပြတ်တာတွေရှိခဲ့ပေမယ့် မွေးပြီးသွားရင်တော့ အရင်အတိုင်း ပြန်ကောင်းသွားလိမ့်မယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် ကလေးမွေးပြီးသွားသော်လည်း သူမရဲ့ ဝမ်းဗိုက်ပြင်တစ်ခုလုံး အရုပ်ဆိုးကျန်ခဲ့တာကို တွေ့ရတော့ စိတ်ပျက်ဝန်းနည်းပြီး ငိုမိခဲ့တယ်လို့ ရေးသားထားပါတယ်။

သူမရဲ့ ပိုစ့်ဟာ ပျံ့နှံ့သွားပြီး မိခင်အများစုက အားပေးနှစ်သိမ့်ကြသလို၊ ရုပ်ဆိုးလိုက်တာ၊ ရွံစရာကြီး၊ ကလေးတွေအများကြီး မွေးချင်တာကိုး ခံပေါ့ စသည်ဖြင့် ဝေဖန်ထိုးနှက်မှုတွေလည်း ခံခဲ့ရပါတယ်။

ဒီလိုဝေဖန်သူတွေကို သူမ အမျိုးသမီးတွေအပေါ် လေးစားမှုရှိဖို့၊ မိခင်၊ ညီမ၊ အစ်မ ချင်းစာနာဖို့ ပြန်လည် ပြောဆိုခဲ့ပါတယ်။

သူမရဲ့ မိခင်တစ်ယောက်အဖြစ်ခံယူဖို့ ခန္ဓာကိုယ်ပေါ်မှာ အရုပ်ဆိုးအကျည်းတန်နေတဲ့ အရာတွေကို အရှိကိုအရှိအတိုင်း ဖော်ပြရဲခဲ့တဲ့ သတ္တိကို ချီးကျူးနေကြပါတယ်။

တစ်ကယ်တော့ မိခင်တစ်ယောက်ဖြစ်လာဖို့ ပေးဆပ်မှုတွေအများကြီးထဲက အချို့သော မသိနိုင်သေးတဲ့ ပေးဆပ်မှုတွေရှိနေဦးမှာပါ။

No comments