Header Ads

မိန္းမ အေၾကာင္းေကာင္းေကာင္းသိၿပီး မိန္းမ က်မ္းေၾကခ်င္သူမ်ား မိန္းကေလး တို႔ရဲ႕ရင္ဘတ္ထဲကို ဒီလို ႏိႈက္ၾကည့္ပါ

Zawgyi ျဖင့္ဖတ္ရန္
{မိန္းခေလးမ်ား၏ရင္ဘတ္ထဲကိုႏိႈ္က္ၾကည့္ျခင္း}
ကဲ–ေဘာ္ေဘာ္တို႔ေရ ဒီေန႔ေတာ့ အမ်ိဳးသမီးေတြရဲ႕ရင္ထဲကိုနိႈက္ၾကည့္ၾကမယ္ဗ်ာ။
ဟီး– နိႈက္ၾကည့္တယ္ဆိုလို႔အဆန္းၾကီးေတာ့မထင္ၾကနဲ႔ဗ်။
သူတို႔အေၾကာင္းေလးေတြသူတို႔ရဲ႕ခံစားခ်က္ေလးေတြသူတို႔ရဲ႕စရိုက္ေလးေတြကို သိေအာင္ေလ့လာၾကမယ္လို႔ေျပာတာပါ။
ဟုတ္တယ္ေလ-အေနာ္တို႔ `ဘဲဘဲ´ေတြဟာ` ပဲပဲ´ေတြနဲ႔ဘယ္သူမွ မကင္းနိုင္ၾကဘူးေလ။
( ဘဲဘဲ-ေယာက်္ား) (ပဲပဲ -မိန္းခေလး (ပဲေပးတတ္လို႔)
ဒီေတာ့ မကင္းနိုင္တဲ႔ `ပဲပဲ´ေတြနဲ႔အဆင္ေျပေအာင္အတြက္သူတို႔အေၾကာင္းေတြကို သိထား နားလည္ထားမွျဖစ္မယ္ဗ်။
သိမထားလို႔ကေတာ့ `ကိြသြား´နိုင္တယ္ေနာ။အေနာ္တို႔`ဘဲဘဲ´ေတြအမ်ားဆုံးၾကဳံရတဲ့ စကားၾကီးတခြန္းကေတာ့ (ညစာငတ္သြားခ်င္လား-ဟြန္႔) တဲ႔
ကဲ ဘယ္လိုစကားၾကီးလဲေနာ မခက္ဖူးလား။ေတာ္ေတာ္နားလည္ရခက္တဲ႔စကားဗ် ။
သူတို႔ကထမင္းထြက္တဲ႔ မီးဖိုေခ်ာင္ကို အပိုင္စားရထားသူေတြဆိုေတာ့ အလိုမက်ယင္ ညစာထမင္းနဲ႕ျခိမ္းေျခာက္တာ ျဖစ္နိုင္ မလားပဲေနာ–ဟီး ။(က်န္တာကိုေတာ့ ကြကိုယ္ျဖည့္ေတြးၾကေပေတာ့)
ဒီလိုေလးေတြကအစ သိသင့္သိထားရမဲ့`ကိြစိ´`ဝိစိ´စကားေလးေတြကို သိထားမွ ေတာ္ကာက်မယ္ေလ။ သိမထားလို႔ကေတာ့သူတို႔ရဲ႕ေသနပ္ၾကီးျဖစ္တဲ႔(`ညစာငတ္ခ်င္လား´)နဲ႕အပစ္ခံရမွာအေသအခ်ာပဲဗ်။
စာေပထဲမွာေတာ့ (ဣတၳိ ဝကၤ ံ၊ နဒီဝကၤ ံ) လို႔ဆိုထားၾကတယ္ခင္ဗ်။
(ျမစ္ေတြဟာ အေကြ႕အေကာက္မ်ားသလိုမိန္းမေတြဟာလဲ အေကြ႕အေကာက္မ်ားတယ္)
လို႔ဘာသာျပန္ၾကတယ္။ ဒီလိုေျပာလိုက္ယင္ အမ်ိဳးသမီးေတြကနာတတ္ၾကတယ္ဗ်။
ဘာလို႔နာတတ္သလဲဆိုတဲ႔အခ်က္ကိုေလ့လာလိုက္ေတာ့ဘာသာျပန္ဆိုမွဳေတြေၾကာင့္ပဲ လို႔ေျပာခ်င္တယ္ခင္ဗ်။
(*-တရားသေဘာအျမင္အတြက္မဆိုလိုပါ)
ဘာသာျပန္တယ္ဆိုတာလဲအခက္သား- မူရင္းမဟုတ္တဲ႔ စာတပုဒ္ကိုဘာသာျပန္ဆိုရတဲ႔အခါ ေရးသူရဲ႕ေျပာခ်င္တဲ႔ ဆႏၵကို တထပ္တည္းက်ေအာင္ ဘာသာျပန္နိုင္ဖို႔ဆိုတာ အေတာ္ကို မျဖစ္နိုင္တဲ႔ကိစၥပဲဗ်။
ဟိုစကားတခြန္းကိုၾကည့္ေလ `အခ်စ္ရူး´ဆိုတဲ့စကား၊ ဒီစကားကစြဲစြဲလန္းလန္းၾကီးခ်စ္ေနတဲ႔သူကိုဆိုလိုခ်င္တဲ႔စကားျဖစ္ပုံရတယ္ခင္ဗ်။
စြဲစြဲလန္းလန္းၾကီးထူးကဲစြာခ်စ္တတ္သူကို `အခ်စ္ၾကီးသူ´လို႕ပဲတင္စားသင့္တယ္ေလ။
`အခ်စ္ရူးသူ´ဆိုတဲ႔စကားကိုက်ေတာ့`ခ်စ္ျပီးရူးသြားတဲ႔လူေတြ´အတြက္ပဲသုံးသင့္တယ္မဟုတ္ပါလား။
(ဣတၳိဝကၤ ံ နဒီဝကၤ ံ )ဆိုတဲ႔စကားဟာလဲ
မိန္းမေတြဟာ ျမစ္ေတြလိုေကြ႔ေကာက္တယ္ဆိုတာကိုေကြ႔ေကာက္တယ္လို႔ ရိုးရိုးျမင္ေပးရမွာထက္မိန္းမေတြနဲ႔ေပါင္းသင္းရမဲ႔ေယာက္်ားေတြဟာမိန္းမေတြရဲ႕စိတ္အေျပာင္းအလဲမိန္းမေတြရဲ႕အလိုဆႏၵေတြကိုသိထားရမယ္ဒါမွ ဘဝတခုကို ခရီးဆုံးေအာင္ေပါင္းေဖၚေနထိုင္နိုင္မယ္လို႔ေျပာခ်င္တဲ႔စကားတမ်ိဳးဗ်။
အမ်ိဳးသမီးေတြအေၾကာင္းကို အတြင္းက်က်သိရွိေစခ်င္ကုိုယ္ခ်င္းစာစိတ္ေမြးတတ္ေစေအာင္ သတိေပးတဲ႔စာဆိုလဲမမွားနိုင္ဘူးေလ။
( Indirect)-သြယ္ဝိႈက္နည္းနဲ႔ဘာသာျပန္ဆိုရမည့္စကားတမ်ိဳးပါပဲ။
ေဘာ္ေဘာ္တို႔ေရ–ဒီလိုအေၾကာင္းေတြကို အတြင္းက်က်ေျပာျပေနလို႔အေနာ့ကိုေတာ့ မိန္းမက်မ္း`ေတာ္ေတာ္ေက်ထားတာပဲ´လို႕ဇြတ္ အထင္မၾကီးပစ္ၾကနဲ႔အုံးဗ်ေနာ-
အေနာ္က ခုထိ ` တပဲ´မွ `မပဲ´ ဖူးေသးဘူးဗ်ရင္းရင္းႏွီးႏွီးေနဖူးလို႔ `ပဲပဲ´ေတြအေၾကာင္းတခ်ိဳ႕တဝက္ကိုနားလည္သြားတာပဲရွိတာပါ။
(ယုံခ်င္ယုံ မယုံခ်င္ေန တားမရလို႕အထင္ၾကီးခံရယင္လဲအေနာ့ကုသုိလ္ပဲေလ ဟဲဟဲ)
အကုန္လုံးမဟုတ္ဘူးေနာ္ တခ်ိဳ႕တဝက္။တခ်ိဳ႕တဝက္ဆိုတာတစိပ္တေဒသေပါ့ဗ်ာ-ဟီး။
စကားက နိဒါန္းခံေနရတာနဲ႔ေတာ္ေတာ္ရွည္သြားျပီ။ ( မိန္းမက်မ္း)ကိုဖတ္ၾကေတာ့မယ္ခင္ဗ်။
စာအုပ္ကုိမလွန္ခင္ ဖတ္နည္းေလးေတြကို အက်ဥ္းမ်ွေျပာျပထားပါ့မယ္။
(မိန္းမက်မ္း ဖတ္နည္း)
မိန္းမေတြအေၾကာင္းသိခ်င္သူေတြမိန္းမေတြနဲ႔ရင္းႏွီးျပီး ခင္မင္မွဳေတြပိုမိုရခ်င္သူေတြအိ္္မ္ေထာင္ျပဳျပီးဇနီးမယားအျဖစ္နဲ႔ေနၾကသူေတြေဘာ္ေဘာ္အားလုံးဟာ မိန္းမေတြရဲ႕အေၾကာင္းကို သိခ်င္လို႕မိန္းမက်မ္းစာအုပ္ကို ဖတ္ေတာ့မယ္ဆိုယင္ဘယ္လိုဖတ္ရမယ္ဆိုတာသိထားဖို႕လိုတယ္ခင္ဗ်။
အေရးအၾကီးဆုံးက သူတို႔ဆိုလိုခ်က္ေတြကို ဖတ္ရိုးဖတ္စဥ္အတိုင္းမဖတ္ၾကနဲ႕ေနာ္`ေျပာင္းျပန္´ဖတ္တတ္ဖို႕သိပ္အေရးၾကီးတယ္ဗ်ိဳ႕–
ေျပာင္းျပန္ဘာသာျပန္ဖို႔မတတ္ယင္ေတာ့မိန္းမေတြရဲ႕ခ်စ္ခင္မႈကိုအျပည့္အဝရမွာမဟုတ္ဘူးဆိုတာကိုေတာ့ေဘာ္ေဘာ္ေတြ အထူးသတိထားရမွာေနာ။
အဲ႔သလိုမွ မဖတ္တတ္ယင္ေတာ့အဆိုေတာ္ ေလးျဖဴရဲ႕သီခ်င္းထဲကလိုျပီးဆုံးမွ ေရာက္သြားရမဲ႕စာမ်က္နွာ-၁၅ ျဖစ္သြားမွာအေသအခ်ာပဲ။
ကဲဖတ္နည္းကိုသိျပီဆိုေတာ့ စာအုပ္ကိုဖြင့္လိုက္ေတာ့မယ္
(စာမ်က္ႏွာမ်ား)
ကဲ-ေဘာ္ေဘာ္တို႔ေရ မိန္းမက်မ္းစာအုပ္ကို စ´လွန္ျပီဗ်ာ။
`မေခၚနဲ႔´
အမယ္ `မေခၚနဲ႔´ဆိုတိုင္း မေခၚပဲမထားလိုက္နဲ႔အါ့ဂလိုေျပာတာဟာ သူ႔ကိုပိုဂရုစိုက္ေစခ်င္တဲ႔သေဘာ သေဘာ။
`ေခၚပါ´လို႔ေျပာေနတာဗ်။ မေခၚပဲေနလို႔ကေတာ့ ေသေအာင္စိတ္ဆိုးတတ္တယ္ေနာ။
`သြား/မလာနဲ႔´ အယင္ကထက္သြားေပးလိုက္ သိတယ္ေနာ္။နားမလည္လို႔ ျပန္ေခါက္ယင္ေတာ့-ကို္ယ္ေပါက္မဲ႔ထီ သူမ်ားေပါက္သြားမယ္
`အနားမကပ္နဲ႔ေနာ္´
ပြဲသာၾကမ္းေပေတာ့ ။ မကပ္ပဲေနယင္ေတာ့ ဖဲဝိုင္းမွာ `ဘူ´က်သလိုပဲ ဘာမွရလိုက္မွာမဟုတ္ဘူး။သူ႔ရဲ႕ေမတၱာကိုေျပာတာပါ။
အိမ္ေထာင္ရွင္မဟုတ္ပဲ သူငယ္ခ်င္းဘဝခ်စ္သူေတြဘဝမွာေတာ့ ေဘာင္ေတာ့မေက်ာ္ေစနဲ႔။
ပုဒ္မေတြ ပုဒ္ထီးေတြ ပုဒ္အေျခာက္ေတြ မထိေအာင္ေတာ့ သတိထားေနာ။
` ဘာလုပ္လုပ္ ငါဂရုမစိုက္ဘူး´ မယုံနဲ႔ သူေတာ္ေတာ္ကိုဂရုစိုက္ေနတာ၊မ်က္စိေဒါက္ေထာက္ ကိုဂရုစိုက္ေနတာ။
`ငါ့ကိုအဖက္လာမလုပ္နဲ႕´ သတိသာထားေပေတာ့ အနီေရာင္အဆင့္ေရာက္ေနျပီ။ သူ႔ကိုအယင္ကထက္အဖက္လုပ္ေပးေစခ်င္ေနျပီ
`ၾကည့္မရေအာင္မုန္းတယ္ သလား´ တကယ္မထင္နဲ႕` အသက္မကခ်စ္တယ္ေျပာေနတာ´
`ေအး ရတယ္ေလ´ အဲ႔ဒါမရဘူး။ တကယ္ရတယ္ထင္ျပီး ေပါ့ေပါ့မေနနဲ႕ ျပႆနာရွာေတာ့မယ္
`အရမ္းစိတ္ဆိုးတယ္ သလား´ လုံးဝလုံးဝပဲ ဆိုတာ သာေဘာေပါက္လိုက္ေတာ့။
`ေသလိုက္ေလ´ တကယ္သြားမေသနဲ႔အုံး။ရင္ကြဲက်န္ခဲ႔လိမ့္မယ္။
`ျပီးတာပဲ´ မျပီးဘူး၊ သူျပန္ရြဲ႕ေတာ့မွာ သတိထားေနေပေတာ့
`ဘာတခြန္းမွလာမေျပာနဲ႕´ ေကာက္သြားျပီ ။အျမွဳပ္ထြက္ေအာင္ရွင္းျပလိုက္။ စကားေတာ့မမွားေစနဲ႔
`ဟြန္႕ ၾကည့္လို႔ကိုမရဘူး´ တေနကုန္ထိုင္ျပီးတစိမ့္စိမ့္ၾကည့္ေနခ်င္တယ္လို႕ေျပာတာ။
`နင့္သေဘာနဲ႕နင္´ သေဘာထားၾကီးတယ္ထင္ျပီး ထင္ရာေလ်ွာက္မလုပ္နဲ႕ တရားသူၾကီးစစ္သလို စစ္ေမးေတာ့မွာ
`ေကာင္းျပီေလ´
မေကာင္းဘူး။ ေတာ္ေတာ့္ကိုမေကာင္းေတာ့ဘူး။ ဘုကလန္႔ တိုက္ေတာ့မယ္။ အထိမခံတဲ႔ အဆင့္ေရာက္သြားျပီ။
`ဟြန္႔ ရုပ္ၾကီးကိုက သြား´ ဂူဂ်ြန္ျဖိဳးနဲ႔တူတယ္လို႔ေျပာေနတာ။ ဟာဟ
`နမ္းနဲ႕ကြာ´ အားရပါးရသာ—ေျပာေတာ့ဘူး။ဟီး
`လူဆိုးေလး´ ခ်စ္စရာေလး အသဲေလး။ စေတာ္ဘယ္ရီေလးငရုပ္ဆီေလး ။ ခ်ာလကာရည္ေလး အဲ-ဟုတ္ေပါင္
`ၾကိဳက္တာသာလုပ္´သြားမလုပ္နဲ႕ အရြဲ႔တိုက္ေျပာေနတာသူ႔မ်က္လုံးေတြ ေရဒါနဲ႕ေစာင့္ၾကည့္ထာထက္လိုက္ၾကည့္ေနေတာ့မယ္။
သူ႔ဗိုက္ထဲမွ GPF.စနစ္ထည့္ထားတာထက္ ေစာင့္ၾကည့္
ေတာ့မွာ။
`ေအာ္ အဲ႔လိုလား´ သြားျပီ အရြဲ႕တိုက္ျပီ ။ေစာင္းျပီ ။ျပန္အရြဲ႕မတိုက္ပဲေနလိုက္
ဒါေတြကေတာ့ မိန္းမက်မ္းစာအုပ္ထဲက တခ်ိဳ႕တဝက္ေတြေပါ့ဗ်ာ။ က်န္တာေတြကိုေတာ့ ကြကိုယ္သာ ဆက္ဖတ္ၾကေပေတာ့
ေအာ္-ေမ့ေနမွာစိုးလို႕ ထပ္မွာခဲ႔ပါ့မယ္။ ေျပာင္းျပန္ဖတ္ေနာ သူတို႔ေျပာတာေတြကိုေျပာင္းျပန္မဖတ္တတ္ယင္ေတာ့–
အဟိမ္း–
ညစာေလ ညစာ ဟဲဟဲ
သတိ/ ဘယ္ညာ ဘယ္ညာ ဘယ္ညာ ဘဲ
ေဘာေပါက္ ေက်ာေနာက္ အမွားေရာက္ စိတ္ေကာက္ အိပ္ေမွာက္ ဟီဟိ—-
ယြက်ားေလးေတြအေၾကာင္း(ေယာက်္ား က်မ္းစာ)ဖတ္နည္း ကိုလဲ အားတဲ႔အခါ ဖတ္ျပေပးပါ့မယ္။
မိန္းမေတြအေၾကာင္းေလ်ွာက္ဖတ္ျပေနယင္ အေနာ္ဘူးေနတဲ႕ ပဲပဲ ေလးက ခ်ိတ္ေကာက္မွာစိုးရတယ္ဗ်-ဟဲဟဲဟဲ ။
သူေၾကနပ္ေအာင္(ေယာက်္ားက်မ္းစာ)ကိုလဲဖတ္ျပရအုံးမယ္ဗ်။
အားလုံးေပ်ာ္ရႊင္ အိပ္ရာဝင္နိုင္ၾကပါေစ
စာဖတ္သူမ်ားကိုေလးစားလ်ွက္
ရရ(ရိုးမရိပ္)
7/2/2017
Unicode ဖြင့်ဖတ်ရန်
{မိန်းခလေးများ၏ရင်ဘတ်ထဲကိုနှိုက်ကြည့်ခြင်း}
ကဲ–ဘော်ဘော်တို့ရေ ဒီနေ့တော့ အမျိုးသမီးတွေရဲ့ရင်ထဲကိုနှိုက်ကြည့်ကြမယ်ဗျာ။
ဟီး– နှိုက်ကြည့်တယ်ဆိုလို့အဆန်းကြီးတော့မထင်ကြနဲ့ဗျ။
သူတို့အကြောင်းလေးတွေသူတို့ရဲ့ခံစားချက်လေးတွေသူတို့ရဲ့စရိုက်လေးတွေကို သိအောင်လေ့လာကြမယ်လို့ပြောတာပါ။
ဟုတ်တယ်လေ-အနော်တို့ `ဘဲဘဲ´တွေဟာ` ပဲပဲ´တွေနဲ့ဘယ်သူမှ မကင်းနိုင်ကြဘူးလေ။
( ဘဲဘဲ-ယောကျ်ား) (ပဲပဲ -မိန်းခလေး (ပဲပေးတတ်လို့)
ဒီတော့ မကင်းနိုင်တဲ့ `ပဲပဲ´တွေနဲ့အဆင်ပြေအောင်အတွက်သူတို့အကြောင်းတွေကို သိထား နားလည်ထားမှဖြစ်မယ်ဗျ။
သိမထားလို့ကတော့ `ကွိသွား´နိုင်တယ်နော။အနော်တို့`ဘဲဘဲ´တွေအများဆုံးကြုံရတဲ့ စကားကြီးတခွန်းကတော့ (ညစာငတ်သွားချင်လား-ဟွန့်) တဲ့
ကဲ ဘယ်လိုစကားကြီးလဲနော မခက်ဖူးလား။တော်တော်နားလည်ရခက်တဲ့စကားဗျ ။
သူတို့ကထမင်းထွက်တဲ့ မီးဖိုချောင်ကို အပိုင်စားရထားသူတွေဆိုတော့ အလိုမကျယင် ညစာထမင်းနဲ့ခြိမ်းခြောက်တာ ဖြစ်နိုင် မလားပဲနော–ဟီး ။(ကျန်တာကိုတော့ ကွကိုယ်ဖြည့်တွေးကြပေတော့)
ဒီလိုလေးတွေကအစ သိသင့်သိထားရမဲ့`ကွိစိ´`ဝိစိ´စကားလေးတွေကို သိထားမှ တော်ကာကျမယ်လေ။ သိမထားလို့ကတော့သူတို့ရဲ့သေနပ်ကြီးဖြစ်တဲ့(`ညစာငတ်ချင်လား´)နဲ့အပစ်ခံရမှာအသေအချာပဲဗျ။
စာပေထဲမှာတော့ (ဣတ္ထိ ဝင်္က ံ၊ နဒီဝင်္က ံ) လို့ဆိုထားကြတယ်ခင်ဗျ။
(မြစ်တွေဟာ အကွေ့အကောက်များသလိုမိန်းမတွေဟာလဲ အကွေ့အကောက်များတယ်)
လို့ဘာသာပြန်ကြတယ်။ ဒီလိုပြောလိုက်ယင် အမျိုးသမီးတွေကနာတတ်ကြတယ်ဗျ။
ဘာလို့နာတတ်သလဲဆိုတဲ့အချက်ကိုလေ့လာလိုက်တော့ဘာသာပြန်ဆိုမှုတွေကြောင့်ပဲ လို့ပြောချင်တယ်ခင်ဗျ။
(*-တရားသဘောအမြင်အတွက်မဆိုလိုပါ)
ဘာသာပြန်တယ်ဆိုတာလဲအခက်သား- မူရင်းမဟုတ်တဲ့ စာတပုဒ်ကိုဘာသာပြန်ဆိုရတဲ့အခါ ရေးသူရဲ့ပြောချင်တဲ့ ဆန္ဒကို တထပ်တည်းကျအောင် ဘာသာပြန်နိုင်ဖို့ဆိုတာ အတော်ကို မဖြစ်နိုင်တဲ့ကိစ္စပဲဗျ။
ဟိုစကားတခွန်းကိုကြည့်လေ `အချစ်ရူး´ဆိုတဲ့စကား၊ ဒီစကားကစွဲစွဲလန်းလန်းကြီးချစ်နေတဲ့သူကိုဆိုလိုချင်တဲ့စကားဖြစ်ပုံရတယ်ခင်ဗျ။
စွဲစွဲလန်းလန်းကြီးထူးကဲစွာချစ်တတ်သူကို `အချစ်ကြီးသူ´လို့ပဲတင်စားသင့်တယ်လေ။
`အချစ်ရူးသူ´ဆိုတဲ့စကားကိုကျတော့`ချစ်ပြီးရူးသွားတဲ့လူတွေ´အတွက်ပဲသုံးသင့်တယ်မဟုတ်ပါလား။
(ဣတ္ထိဝင်္က ံ နဒီဝင်္က ံ )ဆိုတဲ့စကားဟာလဲ
မိန်းမတွေဟာ မြစ်တွေလိုကွေ့ကောက်တယ်ဆိုတာကိုကွေ့ကောက်တယ်လို့ ရိုးရိုးမြင်ပေးရမှာထက်မိန်းမတွေနဲ့ပေါင်းသင်းရမဲ့ယောက်ျားတွေဟာမိန်းမတွေရဲ့စိတ်အပြောင်းအလဲမိန်းမတွေရဲ့အလိုဆန္ဒတွေကိုသိထားရမယ်ဒါမှ ဘဝတခုကို ခရီးဆုံးအောင်ပေါင်းဖေါ်နေထိုင်နိုင်မယ်လို့ပြောချင်တဲ့စကားတမျိုးဗျ။
အမျိုးသမီးတွေအကြောင်းကို အတွင်းကျကျသိရှိစေချင်ကိုယ်ချင်းစာစိတ်မွေးတတ်စေအောင် သတိပေးတဲ့စာဆိုလဲမမှားနိုင်ဘူးလေ။
( Indirect)-သွယ်ဝှိုက်နည်းနဲ့ဘာသာပြန်ဆိုရမည့်စကားတမျိုးပါပဲ။
ဘော်ဘော်တို့ရေ–ဒီလိုအကြောင်းတွေကို အတွင်းကျကျပြောပြနေလို့အနော့ကိုတော့ မိန်းမကျမ်း`တော်တော်ကျေထားတာပဲ´လို့ဇွတ် အထင်မကြီးပစ်ကြနဲ့အုံးဗျနော-
အနော်က ခုထိ ` တပဲ´မှ `မပဲ´ ဖူးသေးဘူးဗျရင်းရင်းနှီးနှီးနေဖူးလို့ `ပဲပဲ´တွေအကြောင်းတချို့တဝက်ကိုနားလည်သွားတာပဲရှိတာပါ။
(ယုံချင်ယုံ မယုံချင်နေ တားမရလို့အထင်ကြီးခံရယင်လဲအနော့ကုသိုလ်ပဲလေ ဟဲဟဲ)
အကုန်လုံးမဟုတ်ဘူးနော် တချို့တဝက်။တချို့တဝက်ဆိုတာတစိပ်တဒေသပေါ့ဗျာ-ဟီး။
စကားက နိဒါန်းခံနေရတာနဲ့တော်တော်ရှည်သွားပြီ။ ( မိန်းမကျမ်း)ကိုဖတ်ကြတော့မယ်ခင်ဗျ။
စာအုပ်ကိုမလှန်ခင် ဖတ်နည်းလေးတွေကို အကျဉ်းမျှပြောပြထားပါ့မယ်။
(မိန်းမကျမ်း ဖတ်နည်း)
မိန်းမတွေအကြောင်းသိချင်သူတွေမိန်းမတွေနဲ့ရင်းနှီးပြီး ခင်မင်မှုတွေပိုမိုရချင်သူတွေအိ်မ်ထောင်ပြုပြီးဇနီးမယားအဖြစ်နဲ့နေကြသူတွေဘော်ဘော်အားလုံးဟာ မိန်းမတွေရဲ့အကြောင်းကို သိချင်လို့မိန်းမကျမ်းစာအုပ်ကို ဖတ်တော့မယ်ဆိုယင်ဘယ်လိုဖတ်ရမယ်ဆိုတာသိထားဖို့လိုတယ်ခင်ဗျ။
အရေးအကြီးဆုံးက သူတို့ဆိုလိုချက်တွေကို ဖတ်ရိုးဖတ်စဉ်အတိုင်းမဖတ်ကြနဲ့နော်`ပြောင်းပြန်´ဖတ်တတ်ဖို့သိပ်အရေးကြီးတယ်ဗျို့–
ပြောင်းပြန်ဘာသာပြန်ဖို့မတတ်ယင်တော့မိန်းမတွေရဲ့ချစ်ခင်မှုကိုအပြည့်အဝရမှာမဟုတ်ဘူးဆိုတာကိုတော့ဘော်ဘော်တွေ အထူးသတိထားရမှာနော။
အဲ့သလိုမှ မဖတ်တတ်ယင်တော့အဆိုတော် လေးဖြူရဲ့သီချင်းထဲကလိုပြီးဆုံးမှ ရောက်သွားရမဲ့စာမျက်နှာ-၁၅ ဖြစ်သွားမှာအသေအချာပဲ။
ကဲဖတ်နည်းကိုသိပြီဆိုတော့ စာအုပ်ကိုဖွင့်လိုက်တော့မယ်
(စာမျက်နှာများ)
ကဲ-ဘော်ဘော်တို့ရေ မိန်းမကျမ်းစာအုပ်ကို စ´လှန်ပြီဗျာ။
`မခေါ်နဲ့´
အမယ် `မခေါ်နဲ့´ဆိုတိုင်း မခေါ်ပဲမထားလိုက်နဲ့အါ့ဂလိုပြောတာဟာ သူ့ကိုပိုဂရုစိုက်စေချင်တဲ့သဘော သဘော။
`ခေါ်ပါ´လို့ပြောနေတာဗျ။ မခေါ်ပဲနေလို့ကတော့ သေအောင်စိတ်ဆိုးတတ်တယ်နော။
`သွား/မလာနဲ့´ အယင်ကထက်သွားပေးလိုက် သိတယ်နော်။နားမလည်လို့ ပြန်ခေါက်ယင်တော့-ကိုယ်ပေါက်မဲ့ထီ သူများပေါက်သွားမယ်
`အနားမကပ်နဲ့နော်´
ပွဲသာကြမ်းပေတော့ ။ မကပ်ပဲနေယင်တော့ ဖဲဝိုင်းမှာ `ဘူ´ကျသလိုပဲ ဘာမှရလိုက်မှာမဟုတ်ဘူး။သူ့ရဲ့မေတ္တာကိုပြောတာပါ။
အိမ်ထောင်ရှင်မဟုတ်ပဲ သူငယ်ချင်းဘဝချစ်သူတွေဘဝမှာတော့ ဘောင်တော့မကျော်စေနဲ့။
ပုဒ်မတွေ ပုဒ်ထီးတွေ ပုဒ်အခြောက်တွေ မထိအောင်တော့ သတိထားနော။
` ဘာလုပ်လုပ် ငါဂရုမစိုက်ဘူး´ မယုံနဲ့ သူတော်တော်ကိုဂရုစိုက်နေတာ၊မျက်စိဒေါက်ထောက် ကိုဂရုစိုက်နေတာ။
`ငါ့ကိုအဖက်လာမလုပ်နဲ့´ သတိသာထားပေတော့ အနီရောင်အဆင့်ရောက်နေပြီ။ သူ့ကိုအယင်ကထက်အဖက်လုပ်ပေးစေချင်နေပြီ
`ကြည့်မရအောင်မုန်းတယ် သလား´ တကယ်မထင်နဲ့` အသက်မကချစ်တယ်ပြောနေတာ´
`အေး ရတယ်လေ´ အဲ့ဒါမရဘူး။ တကယ်ရတယ်ထင်ပြီး ပေါ့ပေါ့မနေနဲ့ ပြဿနာရှာတော့မယ်
`အရမ်းစိတ်ဆိုးတယ် သလား´ လုံးဝလုံးဝပဲ ဆိုတာ သာဘောပေါက်လိုက်တော့။
`သေလိုက်လေ´ တကယ်သွားမသေနဲ့အုံး။ရင်ကွဲကျန်ခဲ့လိမ့်မယ်။
`ပြီးတာပဲ´ မပြီးဘူး၊ သူပြန်ရွဲ့တော့မှာ သတိထားနေပေတော့
`ဘာတခွန်းမှလာမပြောနဲ့´ ကောက်သွားပြီ ။အမြှုပ်ထွက်အောင်ရှင်းပြလိုက်။ စကားတော့မမှားစေနဲ့
`ဟွန့် ကြည့်လို့ကိုမရဘူး´ တနေကုန်ထိုင်ပြီးတစိမ့်စိမ့်ကြည့်နေချင်တယ်လို့ပြောတာ။
`နင့်သဘောနဲ့နင်´ သဘောထားကြီးတယ်ထင်ပြီး ထင်ရာလျှောက်မလုပ်နဲ့ တရားသူကြီးစစ်သလို စစ်မေးတော့မှာ
`ကောင်းပြီလေ´
မကောင်းဘူး။ တော်တော့်ကိုမကောင်းတော့ဘူး။ ဘုကလန့် တိုက်တော့မယ်။ အထိမခံတဲ့ အဆင့်ရောက်သွားပြီ။
`ဟွန့် ရုပ်ကြီးကိုက သွား´ ဂူဂျွန်ဖြိုးနဲ့တူတယ်လို့ပြောနေတာ။ ဟာဟ
`နမ်းနဲ့ကွာ´ အားရပါးရသာ—ပြောတော့ဘူး။ဟီး
`လူဆိုးလေး´ ချစ်စရာလေး အသဲလေး။ စတော်ဘယ်ရီလေးငရုပ်ဆီလေး ။ ချာလကာရည်လေး အဲ-ဟုတ်ပေါင်
`ကြိုက်တာသာလုပ်´သွားမလုပ်နဲ့ အရွဲ့တိုက်ပြောနေတာသူ့မျက်လုံးတွေ ရေဒါနဲ့စောင့်ကြည့်ထာထက်လိုက်ကြည့်နေတော့မယ်။
သူ့ဗိုက်ထဲမှ GPF.စနစ်ထည့်ထားတာထက် စောင့်ကြည့်
တော့မှာ။
`အော် အဲ့လိုလား´ သွားပြီ အရွဲ့တိုက်ပြီ ။စောင်းပြီ ။ပြန်အရွဲ့မတိုက်ပဲနေလိုက်
ဒါတွေကတော့ မိန်းမကျမ်းစာအုပ်ထဲက တချို့တဝက်တွေပေါ့ဗျာ။ ကျန်တာတွေကိုတော့ ကွကိုယ်သာ ဆက်ဖတ်ကြပေတော့
အော်-မေ့နေမှာစိုးလို့ ထပ်မှာခဲ့ပါ့မယ်။ ပြောင်းပြန်ဖတ်နော သူတို့ပြောတာတွေကိုပြောင်းပြန်မဖတ်တတ်ယင်တော့–
အဟိမ်း–
ညစာလေ ညစာ ဟဲဟဲ
သတိ/ ဘယ်ညာ ဘယ်ညာ ဘယ်ညာ ဘဲ
ဘောပေါက် ကျောနောက် အမှားရောက် စိတ်ကောက် အိပ်မှောက် ဟီဟိ—-
ယွကျားလေးတွေအကြောင်း(ယောကျ်ား ကျမ်းစာ)ဖတ်နည်း ကိုလဲ အားတဲ့အခါ ဖတ်ပြပေးပါ့မယ်။
မိန်းမတွေအကြောင်းလျှောက်ဖတ်ပြနေယင် အနော်ဘူးနေတဲ့ ပဲပဲ လေးက ချိတ်ကောက်မှာစိုးရတယ်ဗျ-ဟဲဟဲဟဲ ။
သူကြေနပ်အောင်(ယောကျ်ားကျမ်းစာ)ကိုလဲဖတ်ပြရအုံးမယ်ဗျ။
အားလုံးပျော်ရွှင် အိပ်ရာဝင်နိုင်ကြပါစေ
စာဖတ်သူများကိုလေးစားလျှက်
ရရ(ရိုးမရိပ်)

No comments