Header Ads

တစ္ခ်ိန္က ကမာၻ႕အဆင္းရဲဆံုးႏိုင္ငံ အခုေတာ့ ျမန္မာျပည္ကို သနားတယ္တဲ႔


Zawgyi ျဖင့္ဖတ္ရန္
တခ်ိန္ကတအားဆင္းရဲခဲ့တဲ့ ဒီနုိင္ငံဟာဘာေႀကာင့္ ျမန္မာထက္သာသြားရတာလဲ ဖတ္ႀကည့္ပါ ! လူတိုင္းသိသင့္ပါတယ္ !
အီသီယုိပီယားဟာ လူဦးေရ ၉၉ သန္းေက်ာ္ရွိျပီး ျမန္မာႏိုင္ငံထက္ အနည္းငယ္ ပိုမို က်ယ္ဝန္းေပမယ့္လည္း ကုန္းတြင္းပိတ္ႏိုင္ငံ ျဖစ္ပါတယ္…
အီသီယိုပီယားဟာ ကမၻာ့တိုးတက္မႈ အျမန္ဆုံး ၁၀ ႏိုင္ငံထဲ ပါဝင္ျပီး ျမန္မာကိုလည္း ေက်ာ္တက္သြားခဲ့ပါတယ္။ ဘာေၾကာင့္လို႕ ထင္ပါသလဲ…။
အစိုးရ ဘတ္ဂ်က္ကို ၾကည့္ပါက ၆၅ ရာႏႈံးကေန ၇၀ ရာႏႈံးအထိကုိ ပညာေရးနဲ႕ ဆင္းရဲသားဖြ႔ံျဖဳိးေရးလုပ္ငန္းေတြမွာ သုံးထားတာကို စေတြ႕တာပါပဲ…။
စစ္ေရးအသုံးစရိတ္က ၂၀၁၂ စာရင္းအရ ၁ ရာႏႈံးေတာင္ မျပည့္ပါဘူးတဲ။ ၀.၉၁ ရာႏႈံးသုံးပါတယ္။ ျမန္မာနဲ႕ ကြာခ်က္ေနာ္။
စစ္မွန္တဲ့ ဒီမိုကေရစီ စနစ္ကို က်င့္သုံးေတာ့ ဒီမိုကေရစီ ႏိုင္ငံၾကီးေတြရဲ႕ ODA (Official Development Assistance) ေတြ အဆက္ မျပတ္ရတာလဲ တစ္ခ်က္ပါပဲ။ ၂၀၀၃ ကေန ၂၀၁၂ အထိ ရရွိတဲ့ ODA ကေတာ့ ဝိုး …၂၉ ဘီလီယံေဒၚလာ အထိရွိပါတယ္တဲ့။ စတုတၳ အမ်ားဆုံး ODA လက္ခံရရွိတဲ့ႏိုင္ငံပါ။
သူတို႕ဟာ အေျခခံ အေဆာက္အအုံေတြကို အဓိကတည္ေဆာက္တယ္၊ ကားလမ္းနဲ႕ LRT train system ေတြဟာ ရွယ္ပါပဲ၊စြမ္းအင္ ထုတ္လုပ္ႏိုင္စြမ္းကလည္း ျမင့္မားလွပါတယ္။ မၾကာခင္မွာ တိုင္းျပည္အတြက္ လုံေလာက္တဲ့အျပင္ ႏိုင္ငံျခားကို လွ်ပ္စစ္ စြမ္းအင္ေတြ ထုတ္ေရာင္းႏို္င္ေတာ့မယ္ …။
တကယ္ပါ… ပိုလွ်ံတယ္ဆိုတာ ျမန္မာမွာလို ယုံတမ္းစကားမဟုတ္ဘူးေနာ္။မိုဘုိင္းဆက္သြယ္ေရး 4G စနစ္ ရျပီျဖစ္ျပီး ေကာင္းမြန္လွပါတယ္။ၾကီးမားလွတဲ့ ျပည္သူ႕ အိမ္ယာ ေဆာက္လုပ္ေရး လုပ္ငန္းေတြဟာ အလုပ္သမား အမ်ားအျပားအတြက္ အလုပ္အကိုင္နဲ႕ အေသးစား ကုန္ထုတ္ စီးပြားေရး လုပ္ငန္းမ်ားစြာ အတြက္ အဆင္ေျပေစတယ္။]
ျမန္မာက က်ဴးေက်ာ္တဲေလးေတြ အတြက္ေတာ့ လြမ္းစရာေပါ့ …။သူရဲ႕ GDP ရဲ႕ ၈၀ ကေန ၈၅ ရာႏႈံးကို စိုက္ပ်ဳိးေရးက ရရွိေပမယ့္ ကုန္ေခ်ာထုတ္လုပ္ငန္းမ်ား ေပၚေပါက္လာဖို႕ကို ဦးတည္ထားျပီး ေျမာက္မ်ားစြာေသာ အလုပ္အကိုင္ အခြင့္အလမ္း ဖန္တီးေပးႏိုင္ဖို႕ ရည္ရြယ္ထားတယ္။
ဖိနပ္၊ သားေရ၊ အဝတ္အထည္၊ ေကာ္ဖီလုပ္ငန္းက ထုတ္ကုန္ေတြဟာ ဥေရာပနဲ႕ အေမရိက ကိုတင္ပို႕ေနျပီ။အစိုးရနဲ႕ အလွဴရွင္ႏိုင္ငံမ်ား၊ လယ္သမားေတြရဲ႕ ပူးေပါင္းပါဝင္မႈနဲ႕ စိုက္ပ်ဳိးေရးထုတ္ကုန္မ်ား အဆင့္မမွီဘူးဆိုတဲ့ ယခင္ ပုံရိပ္ကို ေဖ်ာက္ျပစ္ႏိုင္ခဲ့ၾကတယ္။
ယခင္ ႏွစ္ ၂၀ နဲ႕ ႏႈိင္းယွဥ္ရင္ ျပည္တြင္း၊ ျပည္ပမွ ပိုမိုေကာင္းမြန္တဲ့ မ်ဳိးမ်ား၊ နည္းစနစ္မ်ား၊ ဓာတ္ေျမၾသဇာမ်ား ရရွိေနၾကျပီ။စက္မႈလယ္ယာကို ကၽြမ္းက်င္ ပိုင္ႏိုင္တဲ့ လယ္သမားေတြဟာလည္း ႏိုင္ငံတိုးတက္မႈရဲ႕ ျပယုဂ္အေနနဲ႕ ရွိၾကပါတယ္။အႏွစ္ႏွစ္အလလ စက္မႈလယ္ယာ မေအာင္ျမင္တဲ့ ျမန္မာႏိုင္ငံ အတုယူဖြယ္ပါပဲ။
ဝန္ေဆာင္မႈလုပ္ငန္းေတြဟာလည္း လွ်င္ျမန္စြာ တိုးတက္ၾကီးထြားလာျပီး အလုပ္အကိုင္ အခြင့္အေရးမ်ားစြာ ဖန္တီးေပးေနတယ္။အီသီယိုပီးယား ေလေၾကာင္း လိုင္းဆိုတာ အာဖရိကမွာ ကင္ညာေလေၾကာင္း လိုင္း နဲ႕အၿပိဳင္ နံပါတ္တစ္ကို လုေနတဲ႕။ ကမၻာ့ အေကာင္းဆုံး ေလေၾကာင္းလိုင္း ၁၀၀ မွာ အဆင့္ ၇၇ ခ်ိတ္တယ္တဲ့
ေခတ္မီ ဘိုးရင္း နဲ႕ အဲဘတ္စ္ ေလယာဥ္ျကီးေပါင္း ၇၄ စင္း နဲ႕ ႏိုင္ငံတကာ ေလဆိပ္ေပါင္း ၁၂၄ ခုကို ပ်ံသန္း ေနတဲ႕ ေလေၾကာင္းလိုင္းႀကီး ျဖစ္ ေနတယ္။ျမန္မာျပည္ေလယာဥ္ကြင္းမွာ ဆင္းလို႕မရတဲ့ Beoing 787 ေလယာဥ္ၾကီးေတြေတာင္ ပို္င္ေနတာပါတဲ့။
ျမိဳ႔ေတာ္ အက္ဒစ္စ္ အဘာဘာမွာ LRT လွ်ပ္စစ္ရထား စီမံကိန္း ေျပးဆြဲေနျပီ။ ဒီစီမံကိန္းအတြက္ ကန္ေဒၚလာ သန္း ၄၇၀ သုံးစြဲခဲ့ပါတယ္။၁၇ ကီလိုမီတာ ခရီးစဥ္ စဆုံးကို စီးနင္းဖို႕ ၂၀ ဆင့္ ျမန္မာေငြ ၂၆၀ ေလာက္ က်မွာျဖစ္ပါတယ္။
အင္း … ျမန္မာမွာေတာ့ လူမစီးတဲ့ ေနရာမွာ လွ်ပ္စစ္ရထားေလး for show လုပ္ျပဦးမယ္။ျမိဳ႔ေတာ္ အက္ဒစ္စ္ အဘာဘာဟာ အာဖရိကတိုက္ရဲ႕ ေနခ်င့္စဖြယ္အေကာင္းဆုံး ျမိဳ႕ေတာ္ေတြထဲမွာ နံပါတ္ ၈ ခ်ိတ္ပါသတဲ့..။ရန္ကုန္ကေတာ့ အမႈိက္သ႐ိုက္ေတြ၊ ကား ဂ်မ္းျဖစ္မႈေတြ၊ မညီမညာ တိုက္တန္းေတြနဲ႕ စုတ္ျပတ္ေနရျပီ။
လူ တစ္ဦးခ်င္း ဝင္ေငြကေတာ့ ၂၀၁၄ မွာ ခန္႕မွန္း ေဒၚလာ ၁၆၀၀ ျဖစ္တယ္။၂၀၁၄ မွာ စီးပြားေရးတိုးတက္မႈႏႈန္း ၁၀.၃ ရာႏႈံးျဖစ္ျပီး ကမၻာ့ တိုးတက္မႈ အျမန္ဆုံး ၁၀ ႏိုင္ငံထဲမွာပါဝင္ပါတယ္။အာဖရိကတိုက္ရဲ႕ အဂတိလိုက္စားမႈ အမ်ားဆုံး ႏိုင္ငံထဲမွာမပါျခင္းကလည္း ဒီလိုတိုးတက္ေစတာျဖစ္ပါတယ္။
ကမၻာ့အခ်မ္းသာဆုံး သူေဌးၾကီး ဘီလ္ဂိတ္ဟာ သူ႕ေဖာင္ေဒးရွင္း႐ုံးစိုက္ဖို႕ အာဖရိက ႏိုင္ငံ အမ်ားၾကီးထဲက ဘာလို႕ ေရြးခ်ယ္လဲဆိုေတာ့ အီသီယုိပီးယား အစိုးရရဲ႕ ကတိကဝတ္ကို ယုံၾကည္ရလို႕ပါတဲ….။တကယ္ေတာ့ အီသီယုိပီးယားႏိုင္ငံ ဆိုတာ ၁၉၈၃ မွာ ငတ္မြတ္ေခါင္းပါး ေဘးဆိုက္လို႕ လူဦးေရ ၁ သန္းေလာက္ေသခဲ့ရတဲ့ ႏိုင္ငံပါ။
မိုက္ကယ္ဂ်က္ဆင္ စတဲ့ အႏုပညာရွင္ေတြ ဦးေဆာင္ျပီး We are the World လို သီခ်င္းေတြ စပ္ဆို အလႈခံ ေကၽြးခဲ့ရတာပါ။ျမန္မာျပည္ ကေတာ့ ဆန္အိတ္ေတြ တင္ပို႕ျပီး ေထာက္ပံေပးခဲ့ရပါေသးတယ္။အခုေတာ့ ျမန္မာႏိုင္ငံကို အျပတ္ျဖတ္ေက်ာ္သြားပါျပီ။
သူတို႕ေတြရဲ႕ Do and Don’t ေဆာင္ပုဒ္က ငါတို႕ အငတ္ေဘး ျပန္မဆိုက္ေအာင္ ၾကိဳးစားၾက၊ ညီၫႊတ္ၾကပါတဲ့။ျမန္မာျပည္လို မညီမၫႊတ္မျဖစ္ေစနဲ႕တဲ့။ ခုထိ မညီၫြတ္လို႔ ငါတို႔ေနာက္မွာ က်န္ခဲ႕ၿပီလို႔ သတိေပးၾကပါတယ္တဲ႕။
Credit – Shwe Moe Hein
Unicode
တချိန်ကတအားဆင်းရဲခဲ့တဲ့ ဒီနိုင်ငံဟာဘာကြောင့် မြန်မာထက်သာသွားရတာလဲ ဖတ်ကြည့်ပါ ! လူတိုင်းသိသင့်ပါတယ် !
အီသီယိုပီယားဟာ လူဦးရေ ၉၉ သန်းကျော်ရှိပြီး မြန်မာနိုင်ငံထက် အနည်းငယ် ပိုမို ကျယ်ဝန်းပေမယ့်လည်း ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်ပါတယ်…
အီသီယိုပီယားဟာ ကမ္ဘာ့တိုးတက်မှု အမြန်ဆုံး ၁၀ နိုင်ငံထဲ ပါဝင်ပြီး မြန်မာကိုလည်း ကျော်တက်သွားခဲ့ပါတယ်။ ဘာကြောင့်လို့ ထင်ပါသလဲ…။
အစိုးရ ဘတ်ဂျက်ကို ကြည့်ပါက ၆၅ ရာနှုံးကနေ ရ၀ ရာနှုံးအထိကို ပညာရေးနဲ့ ဆင်းရဲသားဖွ့ံဖြိုးရေးလုပ်ငန်းတွေမှာ သုံးထားတာကို စတွေ့တာပါပဲ…။
စစ်ရေးအသုံးစရိတ်က ၂၀၁၂ စာရင်းအရ ၁ ရာနှုံးတောင် မပြည့်ပါဘူးတဲ။ ၀.၉၁ ရာနှုံးသုံးပါတယ်။ မြန်မာနဲ့ ကွာချက်နော်။
စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးတော့ ဒီမိုကရေစီ နိုင်ငံကြီးတွေရဲ့ ODA (Official Development Assistance) တွေ အဆက် မပြတ်ရတာလဲ တစ်ချက်ပါပဲ။ ၂၀၀၃ ကနေ ၂၀၁၂ အထိ ရရှိတဲ့ ODA ကတော့ ဝိုး …၂၉ ဘီလီယံဒေါ်လာ အထိရှိပါတယ်တဲ့။ စတုတ္ထ အများဆုံး ODA လက်ခံရရှိတဲ့နိုင်ငံပါ။
သူတို့ဟာ အခြေခံ အဆောက်အအုံတွေကို အဓိကတည်ဆောက်တယ်၊ ကားလမ်းနဲ့ LRT train system တွေဟာ ရှယ်ပါပဲ၊စွမ်းအင် ထုတ်လုပ်နိုင်စွမ်းကလည်း မြင့်မားလှပါတယ်။ မကြာခင်မှာ တိုင်းပြည်အတွက် လုံလောက်တဲ့အပြင် နိုင်ငံခြားကို လျှပ်စစ် စွမ်းအင်တွေ ထုတ်ရောင်းနို်င်တော့မယ် …။
တကယ်ပါ… ပိုလျှံတယ်ဆိုတာ မြန်မာမှာလို ယုံတမ်းစကားမဟုတ်ဘူးနော်။မိုဘိုင်းဆက်သွယ်ရေး 4G စနစ် ရပြီဖြစ်ပြီး ကောင်းမွန်လှပါတယ်။ကြီးမားလှတဲ့ ပြည်သူ့ အိမ်ယာ ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ အလုပ်သမား အများအပြားအတွက် အလုပ်အကိုင်နဲ့ အသေးစား ကုန်ထုတ် စီးပွားရေး လုပ်ငန်းများစွာ အတွက် အဆင်ပြေစေတယ်။]
မြန်မာက ကျူးကျော်တဲလေးတွေ အတွက်တော့ လွမ်းစရာပေါ့ …။သူရဲ့ GDP ရဲ့ ၈၀ ကနေ ၈၅ ရာနှုံးကို စိုက်ပျိုးရေးက ရရှိပေမယ့် ကုန်ချောထုတ်လုပ်ငန်းများ ပေါ်ပေါက်လာဖို့ကို ဦးတည်ထားပြီး မြောက်များစွာသော အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ထားတယ်။
ဖိနပ်၊ သားရေ၊ အဝတ်အထည်၊ ကော်ဖီလုပ်ငန်းက ထုတ်ကုန်တွေဟာ ဥရောပနဲ့ အမေရိက ကိုတင်ပို့နေပြီ။အစိုးရနဲ့ အလှူရှင်နိုင်ငံများ၊ လယ်သမားတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ စိုက်ပျိုးရေးထုတ်ကုန်များ အဆင့်မမှီဘူးဆိုတဲ့ ယခင် ပုံရိပ်ကို ဖျောက်ပြစ်နိုင်ခဲ့ကြတယ်။
ယခင် နှစ် ၂၀ နဲ့ နှိုင်းယှဉ်ရင် ပြည်တွင်း၊ ပြည်ပမှ ပိုမိုကောင်းမွန်တဲ့ မျိုးများ၊ နည်းစနစ်များ၊ ဓာတ်မြေသြဇာများ ရရှိနေကြပြီ။စက်မှုလယ်ယာကို ကျွမ်းကျင် ပိုင်နိုင်တဲ့ လယ်သမားတွေဟာလည်း နိုင်ငံတိုးတက်မှုရဲ့ ပြယုဂ်အနေနဲ့ ရှိကြပါတယ်။အနှစ်နှစ်အလလ စက်မှုလယ်ယာ မအောင်မြင်တဲ့ မြန်မာနိုင်ငံ အတုယူဖွယ်ပါပဲ။
ဝန်ဆောင်မှုလုပ်ငန်းတွေဟာလည်း လျှင်မြန်စွာ တိုးတက်ကြီးထွားလာပြီး အလုပ်အကိုင် အခွင့်အရေးများစွာ ဖန်တီးပေးနေတယ်။အီသီယိုပီးယား လေကြောင်း လိုင်းဆိုတာ အာဖရိကမှာ ကင်ညာလေကြောင်း လိုင်း နဲ့အပြိုင် နံပါတ်တစ်ကို လုနေတဲ့။ ကမ္ဘာ့ အကောင်းဆုံး လေကြောင်းလိုင်း ၁၀၀ မှာ အဆင့် ရ၇ ချိတ်တယ်တဲ့
ခေတ်မီ ဘိုးရင်း နဲ့ အဲဘတ်စ် လေယာဉ်ကြီးပေါင်း ရ၄ စင်း နဲ့ နိုင်ငံတကာ လေဆိပ်ပေါင်း ၁၂၄ ခုကို ပျံသန်း နေတဲ့ လေကြောင်းလိုင်းကြီး ဖြစ် နေတယ်။မြန်မာပြည်လေယာဉ်ကွင်းမှာ ဆင်းလို့မရတဲ့ Beoing 787 လေယာဉ်ကြီးတွေတောင် ပို်င်နေတာပါတဲ့။
မြို့တော် အက်ဒစ်စ် အဘာဘာမှာ LRT လျှပ်စစ်ရထား စီမံကိန်း ပြေးဆွဲနေပြီ။ ဒီစီမံကိန်းအတွက် ကန်ဒေါ်လာ သန်း ၄၇၀ သုံးစွဲခဲ့ပါတယ်။၁၇ ကီလိုမီတာ ခရီးစဉ် စဆုံးကို စီးနင်းဖို့ ၂၀ ဆင့် မြန်မာငွေ ၂၆၀ လောက် ကျမှာဖြစ်ပါတယ်။
အင်း … မြန်မာမှာတော့ လူမစီးတဲ့ နေရာမှာ လျှပ်စစ်ရထားလေး for show လုပ်ပြဦးမယ်။မြို့တော် အက်ဒစ်စ် အဘာဘာဟာ အာဖရိကတိုက်ရဲ့ နေချင့်စဖွယ်အကောင်းဆုံး မြို့တော်တွေထဲမှာ နံပါတ် ၈ ချိတ်ပါသတဲ့..။ရန်ကုန်ကတော့ အမှိုက်သရိုက်တွေ၊ ကား ဂျမ်းဖြစ်မှုတွေ၊ မညီမညာ တိုက်တန်းတွေနဲ့ စုတ်ပြတ်နေရပြီ။
လူ တစ်ဦးချင်း ဝင်ငွေကတော့ ၂၀၁၄ မှာ ခန့်မှန်း ဒေါ်လာ ၁၆၀၀ ဖြစ်တယ်။၂၀၁၄ မှာ စီးပွားရေးတိုးတက်မှုနှုန်း ၁၀.၃ ရာနှုံးဖြစ်ပြီး ကမ္ဘာ့ တိုးတက်မှု အမြန်ဆုံး ၁၀ နိုင်ငံထဲမှာပါဝင်ပါတယ်။အာဖရိကတိုက်ရဲ့ အဂတိလိုက်စားမှု အများဆုံး နိုင်ငံထဲမှာမပါခြင်းကလည်း ဒီလိုတိုးတက်စေတာဖြစ်ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ဘီလ်ဂိတ်ဟာ သူ့ဖောင်ဒေးရှင်းရုံးစိုက်ဖို့ အာဖရိက နိုင်ငံ အများကြီးထဲက ဘာလို့ ရွေးချယ်လဲဆိုတော့ အီသီယိုပီးယား အစိုးရရဲ့ ကတိကဝတ်ကို ယုံကြည်ရလို့ပါတဲ….။တကယ်တော့ အီသီယိုပီးယားနိုင်ငံ ဆိုတာ ၁၉၈၃ မှာ ငတ်မွတ်ခေါင်းပါး ဘေးဆိုက်လို့ လူဦးရေ ၁ သန်းလောက်သေခဲ့ရတဲ့ နိုင်ငံပါ။
မိုက်ကယ်ဂျက်ဆင် စတဲ့ အနုပညာရှင်တွေ ဦးဆောင်ပြီး We are the World လို သီချင်းတွေ စပ်ဆို အလှုခံ ကျွေးခဲ့ရတာပါ။မြန်မာပြည် ကတော့ ဆန်အိတ်တွေ တင်ပို့ပြီး ထောက်ပံပေးခဲ့ရပါသေးတယ်။အခုတော့ မြန်မာနိုင်ငံကို အပြတ်ဖြတ်ကျော်သွားပါပြီ။
သူတို့တွေရဲ့ Do and Don’t ဆောင်ပုဒ်က ငါတို့ အငတ်ဘေး ပြန်မဆိုက်အောင် ကြိုးစားကြ၊ ညီညွှတ်ကြပါတဲ့။မြန်မာပြည်လို မညီမညွှတ်မဖြစ်စေနဲ့တဲ့။ ခုထိ မညီညွတ်လို့ ငါတို့နောက်မှာ ကျန်ခဲ့ပြီလို့ သတိပေးကြပါတယ်တဲ့။

No comments