Header Ads

မိန္းကေလးတေယာက္ကို ေယာက်ာ္းတေယာက္က တပ္မက္ျမတ္ႏိုးေစတဲ့အခ်က္ တခ်ိဳ႕ရွိပါတယ္(ဘဝနဲ႕ရင္းခဲ့ရတဲ့ အသိေတြ)

Zawgyi
ဘဝနဲ႕ရင္းခဲ့ရတဲ့ အသိေတြ။
မိန္းကေလးတေယာက္ကို ေယာက်ားတေယာက္က တပ္မက္ျမတ္ႏိုးေစတဲ့အခ်က္ တခ်ိဳ႕ရွိပါတယ္။
၁။ ယဥ္ယဥ္ေက်းေက်းေျပာရရင္ မ်ိဳးဆက္ေမြးဖြားဖို႔နဲ႕ခပ္႐ိုင္း႐ိုင္းေျပာရရင္ေတာ့ အိပ္ဖို႔။
၂။ ယဥ္ယဥ္ေက်းေက်းေျပာရရင္ ပြဲတက္မယားျဖစ္ဖို႔နဲ႕ခပ္႐ိုင္း႐ိုင္းေျပာရရင္ စီးပြားေရးနဲ႕ဂုဏ္သိကၡာေပါင္းစပ္ဖို႔။
၃။ ယဥ္ယဥ္ေက်းေက်းေျပာရရင္ ဘဝအေဖာ္လိုခ်င္လို႔နဲ႕ခပ္႐ိုင္း႐ိုင္းေျပာရရင္ စိတ္အခ်ရဆံုး အခိုင္းအေစလိုခ်င္လို႔။
၄။ ယဥ္ယဥ္ေက်းေက်း ေျပာရရင္ ခ်စ္လြန္းလို႕( သနားလြန္းလို႔ ) ႔နဲ႕ခပ္႐ိုင္း႐ိုင္းေျပာရရင္ သူ႕လိုအပ္ခ်က္မွန္သမွ်ျဖည့္ဆည္းဖို႔။
၅။ ယဥ္ယဥ္ေက်းေက်းေျပာရရင္ တန္ဖိုးထားလြန္းလို႔နဲ႕ခပ္႐ိုင္း႐ိုင္းေျပာရရင္ အဲဒီမိန္းမရဲ႕တန္ဖိုးကို အသံုးခ်ခ်င္လို႔။
၆။ အထက္ပါ အခ်က္တစ္ခုမွ မပါပဲ တပ္မက္ျမတ္ႏိုးေနရင္ေတာ့ အေပ်ာ္သေဘာနဲ႕ခဏတာ တြဲဖို႔ပဲ ျဖစ္ပါတယ္။
ဟုတ္တယ္ မဟုတ္ဘူး ျငင္းေနမယ့္အစား
အခုလက္ရွိ ကိုယ္နဲ႕တြဲေနသူက ဘာအတြက္လဲ လို႔
ေမးၾကည့္ရင္ အထက္ပါအေျဖေတြအျပင္
တျခားအေျဖ ထြက္မယ္ထင္ပါသလား။
အခုအခ်ိန္မွာမိန္းကေလးေတြအေနနဲ႕
သူကေတာ့ တျခားေယာက်ားေတြနဲ႕မတူပါဘူးေလလို႕
အခ်စ္စိတ္မႊန္ၿပီး ကာကြယ္ေပးေနမယ္မွန္းသိေပမယ့္
အခ်ိန္လြန္မွ ေနာင္တမရေစဖို႔ သတိထားစရာေလးတခ်ိဳ႕ေျပာျပမယ္ေနာ္။
၁။ သူလိုခ်င္တဲ့ မ်ိဳးဆက္ေတြေမြးဖြားၿပီးရင္ က်န္ရွိမယ့္ ကိုယ့္တန္ဖိုးကို စာရင္းလုပ္ပါ။
၂။ မိဘအသိုင္းအဝိုင္းရဲ႕ေထာက္ပံ႔မွဳ မရွိေတာ့တဲ့ေန႕ဆိုတာကို စဥ္းစားပါ။
၃။ တစ္ဘဝလံုး အေဖာ္လုပ္ေပးႏိုင္ဖို႔ လံုေလာက္တဲ့စိတ္ရွည္ သည္းခံမွဳနဲ႕ ခြန္အားရွိေနၿပီလား ဆန္းစစ္ပါ။
၄။ သူ႕လိုအပ္ခ်က္ကို ျပည့္စံုေစခဲ့တာမို႔ သူမလိုအပ္ေတာ့တဲ့အခ်ိန္ဆိုတာအတြက္ ျပင္ဆင္ထားပါ။
၅။ သူမက္ေမာတဲ့ ကိုယ့္တန္ဖိုးကို ႏွစ္ဘယ္ေလာက္ၾကာေအာင္ထိန္းထားႏိုင္မလဲ ေသခ်ာသိေအာင္လုပ္ပါ။
၆။ အေပ်ာ္တြဲေနတာကို ေပးဆပ္ခ်င္လြန္းလို႔ပါ ဆိုရင္လည္း ေနာက္ဆက္တြဲ အသည္းကြဲေဝဒနာေတြအတြက္ ခံႏိုင္ရည္ရွိပါေစ။
ေယာက်ားေလးေတြကေတာ့ အရွံုးမရွိပါဘူး ဆိုတဲ့စကားနဲ႕ လာသမွ်သူကို welcome လုပ္တတ္ျကပါတယ္။
ကိုယ္တန္ဖိုး ကိုယ္သိတဲ့ မိန္းကေလးေတြကေတာ့
ကိုယ့္ဘက္က ဆံုးရွံုးမယ့္ အေၾကာင္းအရာကို ေသခ်ာတြက္ခ်က္ၿပီး
ဘဝကို ထိုက္တန္တဲ့ သူနဲ႕ပဲ အက်ိဳးရွိရွိ ကုန္ဆံုးေစပါတယ္။
ထိုက္တန္တဲ့သူ မရွိေတာ့ဘူးလားလို႔ စိုးရိမ္စရာမလိုပါဘူး။
ဘယ္သူက ထိုက္တန္တဲ့သူလဲ ဆိုတာ ေသေသခ်ာခ်ာေရြးတတ္ဖို႔ပဲ လိုပါတယ္။
ခ်စ္လို႔ ေျပာတဲ့ အန္တီၾကည္ၾကည္။
Unicode >>>>
ဘဝနဲ့ရင်းခဲ့ရတဲ့ အသိတွေ။
မိန်းကလေးတယောက်ကို ယောကျားတယောက်က တပ်မက်မြတ်နိုးစေတဲ့အချက် တချို့ရှိပါတယ်။
၁။ ယဉ်ယဉ်ကျေးကျေးပြောရရင် မျိုးဆက်မွေးဖွားဖို့နဲ့ခပ်ရိုင်းရိုင်းပြောရရင်တော့ အိပ်ဖို့။
၂။ ယဉ်ယဉ်ကျေးကျေးပြောရရင် ပွဲတက်မယားဖြစ်ဖို့နဲ့ခပ်ရိုင်းရိုင်းပြောရရင် စီးပွားရေးနဲ့ဂုဏ်သိက္ခာပေါင်းစပ်ဖို့။
၃။ ယဉ်ယဉ်ကျေးကျေးပြောရရင် ဘဝအဖော်လိုချင်လို့နဲ့ခပ်ရိုင်းရိုင်းပြောရရင် စိတ်အချရဆုံး အခိုင်းအစေလိုချင်လို့။
၄။ ယဉ်ယဉ်ကျေးကျေး ပြောရရင် ချစ်လွန်းလို့( သနားလွန်းလို့ ) ့နဲ့ခပ်ရိုင်းရိုင်းပြောရရင် သူ့လိုအပ်ချက်မှန်သမျှဖြည့်ဆည်းဖို့။
၅။ ယဉ်ယဉ်ကျေးကျေးပြောရရင် တန်ဖိုးထားလွန်းလို့နဲ့ခပ်ရိုင်းရိုင်းပြောရရင် အဲဒီမိန်းမရဲ့တန်ဖိုးကို အသုံးချချင်လို့။
၆။ အထက်ပါ အချက်တစ်ခုမှ မပါပဲ တပ်မက်မြတ်နိုးနေရင်တော့ အပျော်သဘောနဲ့ခဏတာ တွဲဖို့ပဲ ဖြစ်ပါတယ်။
ဟုတ်တယ် မဟုတ်ဘူး ငြင်းနေမယ့်အစား
အခုလက်ရှိ ကိုယ်နဲ့တွဲနေသူက ဘာအတွက်လဲ လို့
မေးကြည့်ရင် အထက်ပါအဖြေတွေအပြင်
တခြားအဖြေ ထွက်မယ်ထင်ပါသလား။
အခုအချိန်မှာမိန်းကလေးတွေအနေနဲ့
သူကတော့ တခြားယောကျားတွေနဲ့မတူပါဘူးလေလို့
အချစ်စိတ်မွှန်ပြီး ကာကွယ်ပေးနေမယ်မှန်းသိပေမယ့်
အချိန်လွန်မှ နောင်တမရစေဖို့ သတိထားစရာလေးတချို့ပြောပြမယ်နော်။
၁။ သူလိုချင်တဲ့ မျိုးဆက်တွေမွေးဖွားပြီးရင် ကျန်ရှိမယ့် ကိုယ့်တန်ဖိုးကို စာရင်းလုပ်ပါ။
၂။ မိဘအသိုင်းအဝိုင်းရဲ့ထောက်ပံ့မှု မရှိတော့တဲ့နေ့ဆိုတာကို စဉ်းစားပါ။
၃။ တစ်ဘဝလုံး အဖော်လုပ်ပေးနိုင်ဖို့ လုံလောက်တဲ့စိတ်ရှည် သည်းခံမှုနဲ့ ခွန်အားရှိနေပြီလား ဆန်းစစ်ပါ။
၄။ သူ့လိုအပ်ချက်ကို ပြည့်စုံစေခဲ့တာမို့ သူမလိုအပ်တော့တဲ့အချိန်ဆိုတာအတွက် ပြင်ဆင်ထားပါ။
၅။ သူမက်မောတဲ့ ကိုယ့်တန်ဖိုးကို နှစ်ဘယ်လောက်ကြာအောင်ထိန်းထားနိုင်မလဲ သေချာသိအောင်လုပ်ပါ။
၆။ အပျော်တွဲနေတာကို ပေးဆပ်ချင်လွန်းလို့ပါ ဆိုရင်လည်း နောက်ဆက်တွဲ အသည်းကွဲဝေဒနာတွေအတွက် ခံနိုင်ရည်ရှိပါစေ။
ယောကျားလေးတွေကတော့ အရှုံးမရှိပါဘူး ဆိုတဲ့စကားနဲ့ လာသမျှသူကို welcome လုပ်တတ်ကြပါတယ်။
ကိုယ်တန်ဖိုး ကိုယ်သိတဲ့ မိန်းကလေးတွေကတော့
ကိုယ့်ဘက်က ဆုံးရှံုးမယ့် အကြောင်းအရာကို သေချာတွက်ချက်ပြီး
ဘဝကို ထိုက်တန်တဲ့ သူနဲ့ပဲ အကျိုးရှိရှိ ကုန်ဆုံးစေပါတယ်။
ထိုက်တန်တဲ့သူ မရှိတော့ဘူးလားလို့ စိုးရိမ်စရာမလိုပါဘူး။
ဘယ်သူက ထိုက်တန်တဲ့သူလဲ ဆိုတာ သေသေချာချာရွေးတတ်ဖို့ပဲ လိုပါတယ်။
ချစ်လို့ ပြောတဲ့ အန်တီကြည်ကြည်။

No comments