Header Ads

မီးျပတ္တဲ့အခါ သတိထားေရွာင္ၾကဥ္ၿပီး မလုပ္သင့္တဲ့အရာမ်ား

ရာသီဥတုေၾကာင့္ပဲျဖစ္ျဖစ္၊ ဓာတ္အားလိုင္းေတြ ျပင္ဆင္မႈေၾကာင့္ပဲျဖစ္ျဖစ္ အခ်ိန္မေရြး လွ်ပ္စစ္ဓာတ္အားလိုင္းေတြ ျပတ္ေတာက္တာမ်ိဳး ႀကံဳၾကရပါတယ္။ မိနစ္အနည္းငယ္ကေန နာရီခ်ီ ရက္ခ်ီၿပီး ဓာတ္အားျပတ္ေတာက္သြားႏုိင္တာမ်ိဳးေတြ ရိွတတ္တဲ့အတြက္ ေအာက္ပါ အခ်က္ေလးေတြကို သိထားသင့္ပါတယ္။ မီးျပတ္တဲ့အခါ မလုပ္သင့္တဲ့ အရာေလးေတြအေၾကာင္း ေဖာ္ျပေပးလုိက္ပါတယ္။

ဖေယာင္းတုိင္မီး
မီးစက္အသံုးျပဳမႈေတြလည္း ရိွေပမယ့္ ခဏတာပဲ မီးျပတ္တဲ့အခါ မ်ားေသာအားျဖင့္ ဖေယာင္းတုိင္မီးသာ အလြယ္ေဆာင္ထားတတ္ၾကပါတယ္။ အလင္းမ်ားမ်ားရေအာင္ ဖေယာင္းတုိင္မ်ားမ်ားေတာင္ ထြန္းတတ္ၾကပါေသးတယ္။ ဒါေပမယ့္ ကေလးနဲ႔ အိမ္ေမြးတိရိစာၦန္ရိွသူေတြကေတာ့ ဖေယာင္းတုိင္မီးကို မသံုးသင့္ပါဘူး။ သူတို႔ေလးေတြ တုိက္ခ်မိတတ္တာေၾကာင့္ မီးမေတာ္တဆမႈ ျဖစ္ႏုိင္ေခ်မ်ားၿပီး အဲဒီ့လိုမဟုတ္ရင္လည္း ကေလးေတြ အပူေလာင္ႏုိင္ပါတယ္။ ဖေယာင္းတုိင္အစား လွ်ပ္စစ္မီးအိမ္မ်ိဳးကိုသာ သံုးသင့္ပါတယ္။ တကယ္လို႔ မျဖစ္မေနသံုးရမယ့္ အေနအထားမ်ိဳးမွာလည္း သတိထား သင့္ပါတယ္။

ပလပ္ေပါက္ေတြ
ဖုန္းအားသြင္းထားတာျဖစ္ျဖစ္၊ တီဗီၾကည့္ေနတာျဖစ္ျဖစ္ မီးျပတ္သြားခ်ိန္မွာ ပလပ္ေပါက္ေတြ တပ္ရက္သား ျဖစ္ေနတတ္ပါတယ္။ အဲ့လုိဆိုရင္ေတာ့ မီးျပတ္သြားရင္ ျဖဳတ္ထားတာ အေကာင္းဆံုးပါ။ မီးျပန္လာတဲ့အခါ မီးအားက ႐ုတ္တရက္ မ်ားၿပီး ဝင္တာမ်ိဳးျဖစ္တတ္လို႔ လွ်ပ္စစ္ပစၥည္းေတြ ပ်က္စီးတတ္သလို အခန္႔မသင့္ရင္ လွ်ပ္စစ္ေရွာ့ခ္ေတြပါ ျဖစ္ပြားႏုိင္ပါတယ္။

ေရခဲေသတၱာ
ဒါကေတာ့ မေျပာလည္း လူေတာ္ေတာ္မ်ားမ်ား ေဆာင္ရြက္ၾကမယ့္အရာလုိ႔ေတာ့ ထင္ပါတယ္။ မီးျပတ္ေနတာေၾကာင့္ ေရခဲေသတၱာအထဲကို ၾကာၾကာဆက္ေအးေနေစခ်င္ရင္ မၾကာခဏဖြင့္တာမ်ိဳးေတြ၊ ေသခ်ာမပိတ္ထားတာမ်ိဳးေတြ မလုပ္မိေအာင္ ဂ႐ုစိုက္ဖို႔ လုိပါတယ္။ ေရခဲေသတၱာထဲက အေအးဓာတ္ လိုတာထက္ ပိုထြက္သြားပါက အထဲမွာ အေအးဓာတ္ကုန္ဆံုးသြားႏုိင္ၿပီး သင့္အစားအေသာက္ေတြ ထိခိုက္ႏုိင္ပါတယ္။

ဓာတ္ႀကိဳးျပတ္ေနရင္
ဒီသတိေပးမႈကေတာ့ လူတံုးလူအေတြကို ေျပာျပသလို ေျပာတယ္လို႔ ထင္ေကာင္းထင္ႏုိင္ေပမယ့္ လူဆိုတာ သတိမမူမိတဲ့ အခါမ်ိဳးေတြ ရိွလို႔ ပိုမိုသတိထားေစခ်င္တဲ့ အတြက္ပါ။ မီးျပတ္ေနလို႔ ဓာတ္ႀကိဳးျပတ္ေတြနား ေရာက္ေနလည္း အႏၱရာယ္မရိွႏုိင္ဘူး ထင္ၿပီး ေနလိုက္ရင္ ႐ုတ္တရက္ မီးျပန္လာတဲ့အခါ ဒုကၡေရာက္သြားႏုိင္ပါတယ္။ ဓာတ္ႀကိဳးျပတ္ေတြနားကေန အနည္းဆံုး ေပ (၃၀) ခြာၿပီး ေနသင့္ပါတယ္။

ဖုန္းသံုးတာ
မီးျပတ္သြားတာနဲ႔ အပ်င္းေျပဆိုၿပီး ဖုန္းထပြတ္တတ္ၾကပါတယ္။ တကယ္ေတာ့ မီးျပတ္ေနတုန္း ဖုန္းကို မလုိအပ္ဘဲ အားမကုန္ေစသင့္ပါဘူး။ တကယ္အေရးႀကီးတဲ့ ကိစၥအတြက္ လုိအပ္လာတဲ့အခါ ဖုန္းအားမရိွဘဲ ျဖစ္ေနတတ္ပါတယ္။ ဒါေၾကာင့္ မီးျပတ္ေနရင္ ဖုန္းမသံုးရမယ့္အျပင္ အားကုန္ေစတဲ့ app ေတြကိုပါ ပိတ္ထားသင့္တာပါ။

credit – (Shwemom)

ရာသီဥတုကြောင့်ပဲဖြစ်ဖြစ်၊ ဓာတ်အားလိုင်းတွေ ပြင်ဆင်မှုကြောင့်ပဲဖြစ်ဖြစ် အချိန်မရွေး လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြတ်တောက်တာမျိုး ကြုံကြရပါတယ်။ မိနစ်အနည်းငယ်ကနေ နာရီချီ ရက်ချီပြီး ဓာတ်အားပြတ်တောက်သွားနိုင်တာမျိုးတွေ ရှိတတ်တဲ့အတွက် အောက်ပါ အချက်လေးတွေကို သိထားသင့်ပါတယ်။ မီးပြတ်တဲ့အခါ မလုပ်သင့်တဲ့ အရာလေးတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

ဖယောင်းတိုင်မီး
မီးစက်အသုံးပြုမှုတွေလည်း ရှိပေမယ့် ခဏတာပဲ မီးပြတ်တဲ့အခါ များသောအားဖြင့် ဖယောင်းတိုင်မီးသာ အလွယ်ဆောင်ထားတတ်ကြပါတယ်။ အလင်းများများရအောင် ဖယောင်းတိုင်များများတောင် ထွန်းတတ်ကြပါသေးတယ်။ ဒါပေမယ့် ကလေးနဲ့ အိမ်မွေးတိရိစ္ဆာန်ရှိသူတွေကတော့ ဖယောင်းတိုင်မီးကို မသုံးသင့်ပါဘူး။ သူတို့လေးတွေ တိုက်ချမိတတ်တာကြောင့် မီးမတော်တဆမှု ဖြစ်နိုင်ချေများပြီး အဲဒီ့လိုမဟုတ်ရင်လည်း ကလေးတွေ အပူလောင်နိုင်ပါတယ်။ ဖယောင်းတိုင်အစား လျှပ်စစ်မီးအိမ်မျိုးကိုသာ သုံးသင့်ပါတယ်။ တကယ်လို့ မဖြစ်မနေသုံးရမယ့် အနေအထားမျိုးမှာလည်း သတိထား သင့်ပါတယ်။

ပလပ်ပေါက်တွေ
ဖုန်းအားသွင်းထားတာဖြစ်ဖြစ်၊ တီဗီကြည့်နေတာဖြစ်ဖြစ် မီးပြတ်သွားချိန်မှာ ပလပ်ပေါက်တွေ တပ်ရက်သား ဖြစ်နေတတ်ပါတယ်။ အဲ့လိုဆိုရင်တော့ မီးပြတ်သွားရင် ဖြုတ်ထားတာ အကောင်းဆုံးပါ။ မီးပြန်လာတဲ့အခါ မီးအားက ရုတ်တရက် များပြီး ဝင်တာမျိုးဖြစ်တတ်လို့ လျှပ်စစ်ပစ္စည်းတွေ ပျက်စီးတတ်သလို အခန့်မသင့်ရင် လျှပ်စစ်ရှော့ခ်တွေပါ ဖြစ်ပွားနိုင်ပါတယ်။

ရေခဲသေတ္တာ
ဒါကတော့ မပြောလည်း လူတော်တော်များများ ဆောင်ရွက်ကြမယ့်အရာလို့တော့ ထင်ပါတယ်။ မီးပြတ်နေတာကြောင့် ရေခဲသေတ္တာအထဲကို ကြာကြာဆက်အေးနေစေချင်ရင် မကြာခဏဖွင့်တာမျိုးတွေ၊ သေချာမပိတ်ထားတာမျိုးတွေ မလုပ်မိအောင် ဂရုစိုက်ဖို့ လိုပါတယ်။ ရေခဲသေတ္တာထဲက အအေးဓာတ် လိုတာထက် ပိုထွက်သွားပါက အထဲမှာ အအေးဓာတ်ကုန်ဆုံးသွားနိုင်ပြီး သင့်အစားအသောက်တွေ ထိခိုက်နိုင်ပါတယ်။

ဓာတ်ကြိုးပြတ်နေရင်
ဒီသတိပေးမှုကတော့ လူတုံးလူအတွေကို ပြောပြသလို ပြောတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် လူဆိုတာ သတိမမူမိတဲ့ အခါမျိုးတွေ ရှိလို့ ပိုမိုသတိထားစေချင်တဲ့ အတွက်ပါ။ မီးပြတ်နေလို့ ဓာတ်ကြိုးပြတ်တွေနား ရောက်နေလည်း အန္တရာယ်မရှိနိုင်ဘူး ထင်ပြီး နေလိုက်ရင် ရုတ်တရက် မီးပြန်လာတဲ့အခါ ဒုက္ခရောက်သွားနိုင်ပါတယ်။ ဓာတ်ကြိုးပြတ်တွေနားကနေ အနည်းဆုံး ပေ (၃၀) ခွာပြီး နေသင့်ပါတယ်။

ဖုန်းသုံးတာ
မီးပြတ်သွားတာနဲ့ အပျင်းပြေဆိုပြီး ဖုန်းထပွတ်တတ်ကြပါတယ်။ တကယ်တော့ မီးပြတ်နေတုန်း ဖုန်းကို မလိုအပ်ဘဲ အားမကုန်စေသင့်ပါဘူး။ တကယ်အရေးကြီးတဲ့ ကိစ္စအတွက် လိုအပ်လာတဲ့အခါ ဖုန်းအားမရှိဘဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် မီးပြတ်နေရင် ဖုန်းမသုံးရမယ့်အပြင် အားကုန်စေတဲ့ app တွေကိုပါ ပိတ်ထားသင့်တာပါ။

credit – (Shwemom)

No comments