လူမဟုတ်သော လင်မယားနှစ်ယောက်
နောက်လူတွေ ဒီလိုထပ်ပြီးမကျူးလွန်ရအောင် ပြင်းပြင်းထန်ထန် အရေးယူပေးပါ
========================
အိမ်အကူမိန်းကလေးအား ဒဏ်ရာများရရှိ
အောင် ညှင်းပန်းနှိပ်စက်သူများကို အမှုဖွင့်
အရေးယူ လိုက်ပြီ
ရန်ကုန်၊ ဇွန် ၅
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်နေ
ရာအိမ်မှူးတာဝန်ထမ်းဆောင်သူ ဦးမျိုးတင့်နိုင်သည်
ဇွန်လ ၃ ရက်နေ့ နံနက်၉ နာရီအချိန်ခန့်တွင်နေအိမ်
၌ရှိနေစဉ် ၎င်းရပ်ကွက်၊ အေ(၆)လမ်း၊ တိုက်(၁၁)၊
အခန်း (၄၀၂)တွင် နေထိုင်သူ အိမ်ရှင်များမှ အိမ်
အကူ အမျိုးသမီးအား ညှင်းပန်းနှိပ်စက်နေကြောင်း
သိရှိရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံအကြောင်း
ကြားပြီးနောက် ဇွန်လ ၄ ရက်နေ့ ညနေ ၄နာရီခွဲ
အချိန်ခန့်တွင် အဆိုပါနေအိမ်တိုက်ခန်းသို့ ရပ်ကွက်
အုပ်ချုပ်ရေးမှူး ဦးရန်ရှင်း၊ ရာအိမ်မှူးဒေါ်ရီရီချို ရပ်မိ
ရပ်ဖများနှင့်အတူ စစ်ဆေးရာ ……အိမ်ရှင်ဖြစ်သူ
ထွန်းထွန်း၊ (၃၃)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ မမြတ်နိုး
သူ၊ (၃၂)နှစ်နှင့် အိမ်အကူ မ—–တို့အားတွေ့ ရှိရခဲ့
ရပါသည်။
ပူးပေါင်းအဖွဲ့မှ အိမ်အကူမိန်ကလေးအား
ကြည့်ရှုစစ်ဆေးရာ ၎င်းတွင် ရင်ဘတ်၊ ကျောကုန်း၊
ဝဲ/ယာလက်မောင်း၊ ဝဲ/ယာပေါင်တို့တွင် မီးအပူ
လောင်ဒဏ်ရာများ၊ ဦးခေါင်းနှင့် ဝဲ/ယာခြေထောက်
တို့တွင် ဖူးရောင် ဒဏ်ရာများတွေ့ရှိရသဖြင့် ဒဏ်ရာ
များနှင့်ပတ်သက်၍မေးမြန်းရာ……အိမ်ရှင်ဖြစ်သူ
ထွန်းထွန်းနှင့်ဇနီးမမြတ်နိုးသူတို့နှစ်ဦးမှ မီးပူဖြင့်
ကပ်ခြင်း၊ရေနွေးပူဖြင့်လောင်းခြင်းနှင့် တုတ်ဖြင့်
ရိုက်နှက်ခြင်းတို့ကြောင့်ရရှိသောဒဏ်ရာများဖြစ်
ကြောင်း စိစစ်တွေ့ရှိခဲ့ရပါသည်။
ယင်းကဲ့သို့ အိမ်အကူမိန်းကလေးအား ညှင်ပန်းနှိပ်
စက်သူ ထွန်းထွန်းနှင့် မမြတ်နိုးသူတို့နှစ်ဦးကို ဒဂုံမြို့
သစ် (ဆိပ်ကမ်း)မြို့မရဲစခန်း(ပ)၆၆၀/၂၀၁၇၊
ရာဇသတ်ကြီးပုဒ်မ၃၂၆/၃၂၅/၁၁၄ဖြင့် အရေး
ယူဆောင်ရွက်ခဲ့ပါသည်။
၎င်းပြင်ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှတပ်ဖွဲ့
ဝင်များက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနသို့ ကလေး
သူငယ်ဥပဒေဖြင့် အရေးယူနိုင်ရေးဆက်သွယ်
ဆောင်ရွက်လျက်ရှိသည့်အပြင် လူကူန်ကူးမှု
တားဆီး ကာကွယ်ရေးဥပဒေပါပြဌာန်း ချက်များ
နှင့်ငြိစွန်းမှုရှိ/မရှိ အမှတ်(၆)လူကူန်ကူးမှုတား
ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များနှင့်
ပူးပေါင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းနှင့်
ဥပဒေပါပြဌာန်းချက်များနှင့်ညှိစွန်းမှုရှိပါ က
သက်ဆိုင်ရာဥပဒေများဖြင့် ဆက်လက်အရေး
ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရ
ရှိပါသည်။
Source Yangon Police
Popular News
Via – ရဲရင့် ထွန်း
========================
အရေးယူ လိုက်ပြီ
ရန်ကုန်၊ ဇွန် ၅
ရပါသည်။
ယူဆောင်ရွက်ခဲ့ပါသည်။
ရှိပါသည်။
Source Yangon Police
Popular News
Via – ရဲရင့် ထွန်း

Post a Comment